ကျမ်းကျိန်စာသားကိစ္စ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးဉာဏ်ဝင်းပြောဆို

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကျမ်းကျိန်ဆိုရမယ့် စာသားအပေါ် ပြင်ဆင်ပေးဖို့တောင်းဆိုချက်အပေါ် သက်ဆိုင်ရာရဲ့ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတဲ့အတွက် ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

2012.04.23
u-nyan-win-press-oath-rule-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းမှ ရှင်းလင်းပြောဆိုနေစဉ်။
Photo courtesy of NLD

ကျမ်းကျိန်ဆိုရမဲ့ စာသားနဲ့ ပတ်သက်ပြီး ထပ်မံအကြံပြုချက်တွေကို NLD က သက်ဆိုင်ရာရုံးတွေကို တင်ပြထားပြီးဖြစ်ကြောင်းနဲ့ မကြာခင် ဒီကိစ္စကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို ဥပဒေတစ်ရပ်ကို ပြင်ဆင်နိုင်ဖို့အတွက် အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရမယ်ဆိုတာ ဥပဒေတစ်ရပ်ရဲ့ မူဝါဒဖြစ်တဲ့အတွက် NLD အနေနဲ့ အခုလို ပြောဆိုရတာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်အထဲမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်” ဆိုတဲ့ စာသားနေရာမှာ “လေးစား လိုက်နာပါမည်” ဆိုပြီး ပြောင်းလဲ ပြင်ဆင်ပေးဖို့ကိစ္စ ညှိနှိုင်းနေဆဲမို့ လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်ဖြစ်မှာ မဟုတ်သေးကြောင်း NLD က ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-24 13:09

ခုရှုပ်မှ နောက်ရှင်း ဆိုတဲ့ စကားရှိပါတယ် နောက်နောင်မရှုတ်ရလေအောင် အခုထဲကကြိုတင်ရှင်းထားကြမှ နောက်သားစဉ်မြေးဆက်အတွက် စိတ်ချရမှာမို့ နိုင်ငံခေါင်းဆောင်တွေ ပြည်သူ့ကိုယ်စားလှယ်တွေက အရှုပ်တွေအားလုံးကို ပြေလည်အောင်ရှင်းသွားကြစေလိုပါတယ်။