မြန်မာအစိုးရကို ဖိအားပေးရန် လူမှု အဖွဲ့အစည်းများ တောင်းဆို
2011.07.08

(Photo: AFP)
အခုလို စုပေါင်း လက်မှတ်ရေးထိုး စာပေးပို့ရခြင်း နဲ့ပတ်သက်ပြီး USCB ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က အာရ်အက်ဖ်အေကို အခုလို ပြောပါတယ်။
"ဒါကတော့ အဓိက က အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ မူဝါဒ အပေါ်မှာ ကျေနပ်မှု သိပ်မရှိဘူးပေါ့ဗျာ။ အထူးသဖြင့် ဖိအားပေးမှုက နည်းပြီးတော့ စေ့စပ်ချင်တာတွေက များနေတဲ့ အခါကျတော့ ရလဒ်က မထွက်ဘူးပေါ့။ မထွက်တဲ့ အတွက်ကြောင့်မို့လို့ အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရ အပေါ်မှာ တဖက်မှာ တိုက်ရိုက် ဆက်ဆံ ဆွေးနွေးတာကို လုပ်သလိုပဲ တဖက်မှာ ဖိအားပေးမှုကို လုံလုံလောက်လောက် မြှင့်တင်ဖို့ တောင်းဆိုတဲ့ စာပေါ့ဗျာ။"
အဲဒီစာထဲမှာ ပါတဲ့ အချက်တချို့ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ Tomas Quintana အဆိုပြုထားတဲ့ မြန်မာ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ဖွဲ့ရေးကို ထောက်ခံဖို့အပါအဝင် မြန်မာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ဘဏ်လုပ်ငန်း ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို ထိထိရောက်ရောက် လုပ်ဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး USCB ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်ကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ဦးဘအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |