အိုဘားမား အာရှခရီးစဉ် အဆုံးသတ်


2016.09.07
obama-laos-620.jpeg လာအိုနိုင်ငံ ဗီယင်ကျန်းမြို့က အာဆီယံထိပ်သီးညီလာခံကို ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမား ကို တွေ့ရစဉ်
Photo: The White House's Twitter

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့က အာဆီယံထိပ်သီးညီလာခံကို ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားဟာ အရှေ့တောင် အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ မနေ့ညက နှုတ်ဆက်ညစာစားခဲ့ပါတယ်။ ဗီယင်ကျန်းမြို့က လာတဲ့ သတင်းတပုဒ် မှာ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေဟာ သမ္မတအိုဘားမားနဲ့ ဆက်ဆံရေးပိုမို နွေးထွေးလာနေပြီး အရင်က အာရှတိုက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အရင်းနှီးဆုံးမိတ်ဆွေနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကတော့ ထိုင်းဗိုလ်ချုပ်ကြီးတွေ အာဏာသိမ်းခဲ့မှုကြောင့် အေးစက်နေပြီလို့ ေဖါ်ပြထားပါတယ်။

အမေရိကန်အစိုးရနဲ့ အာရှနိုင်ငံတွေရဲ့ဆက်ဆံရေးဟာ အရင် အမေရိကန်သမ္မတ ဂျော့ဘုရှ် လက်ထက်က နဲ့ နှိုင်းစာရင် အိုဘားမား လက်ထက်မှာ ပိုမိုကောင်းမွန်လာခဲ့ပါတယ်၊ ဒါပေမဲ့ ဒီခရီးစဉ်ဟာ စင်းလုံးချောတော့ မဟုတ်ပါဖူး၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အိုဘားမားကို ပြည့်တန်ဆာမရဲ့သားလို့ ခေါ်ဝေါ်ပြောကြားခဲ့တဲ့ အတွက် သူနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို အိုဘားမားက ပထမ ဖျက်သိမ်းခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတက သူ့စကားအတွက် တောင်းပန်ခဲ့ပြီးနောက် မနေ့ညနေက ခေါင်းဆောင် ၂ ဦး ခေတ္တတွေ့ဆုံကြပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ သမ္မတ အိုဘားမားက ရှေ့လာမယ့်အပတ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ကြိဆိုမျှော်လင့်နေပါတယ်၊ မိမိတို့ အမေရိ ကန်ပြည်ထောင်စုအနေနဲ့ တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်တဲ့ မြန်မာပြည်သူတရပ်လုံးနဲ့ အတူတကွရှိနေပါတယ်လို့ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အိမ်ဖြူတော်မှာ လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ တွေ့ဆုံ မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။