အမေရိကန်သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု


2015.11.13
obama-dassk-620.jpg ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ်
Photo: Myo Zaw Ko/ RFA

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။

သမ္မတ ဘာရက်အိုဘားမားက နိုဝင်ဘာလ ၁၁ရက်နေ့ ညကတယ်လီဖုန်းနဲ့ ပြောကြားလိုက်ကြောင်း အမေရိကန်သံရံုံး က သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပေါ်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်သောဇွဲ နဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွှတ် အနစ်နာခံမှုတွေအတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲွကထွက်ပေါ်လာတဲ့ ရလဒ်ကို အဖွဲ့အစည်းအားလုံးနဲ့ ပါတီအားလုံးက လက်ခံပြီးပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်မယ့် အစိုးရတစ်ရပ်ထွက်ပေါ် လာရေးဟာ အရေးကြီးကြောင်းနှစ်ဖက်ခေါင်းဆောင်တွေက ဆွေးနွေး ခဲ့ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။