Selma စိတ်ဓာတ် မြန်မာ လူငယ်တွေအထိပျံ့နှံ့ဟု အိုဘားမား ပြောကြား
2015.03.08

နိုင်ငံသားတစ်ယောက်အနေနဲ့ တန်းတူမဲပေးခွင့်ရဖို့ အယ်လ်ဘားမားပြည်နယ် Selma ဆဲလ်မာမြို့မှာ အာဖရိကန်အမေရိကန် လူမည်းတွေရဲ့ လမ်းလျှောက် ဆန္ဒပြချီတက်တဲ့ စိတ်ဓာတ်ဟာ ကမ္ဘာတလွှားမှာ နမူနာယူရတဲ့ လူ့အခွင့်ရေးလှုပ်ရှားမှုဖြစ်ပြီး မြန် မာနိုင်ငံက လူငယ်တွေဟာလည်း ဒီစိတ်ဓါတ်နဲ့ စစ်အစိုးရအောက်အညံ့ခံမယ့်အစား ထောင်ပဲ အကျခံခဲ့ကြတာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက မနေ့က ပြောကြားလိုက်ပါတယ်။
ဆဲလ်မာမြို့က နာမည်ကျော် လူမည်းမဲပေးခွင့်တောင်း ဆိုတဲ့ ဆန္ဒပြချီတက်ပွဲကို ပြည်နယ်ရဲတပ်ဖွဲ့က အကြမ်း ဖက်ဖြိုခွဲခဲ့တဲ့အတွက် လူရာပေါင်းများစွာ သွေးမြေကျ ရတဲ့ သွေးစွန်းတဲ့ တနင်္ဂနွေ Bloody Sundy နှစ် ၅ဝ ပြည့် အခမ်းအနားမှာ သမ္မတ အိုဘားမားက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ဆဲလ်မာမြို့ ဆန္ဒပြချီတက်ပွဲစိတ်ဓါတ်ကို သံမဏိလိုက်ကာ ခြားထားတဲ့ကြားက လူငယ်တွေရဲ့ မြင်တွေ့ခဲ့ရပြီး ဂျာမနီက ဘာလင်တံတိုင်းကြီး ဖြိုချဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီဆန္ဒပြချီတက်ပွဲမှာ ဘော့ဘီကနေ ဒီမိန့်ခွန်းကြောင့် တောင်အာဖရိကနိုင်ငံ ဆွဲဝီတိုမြို့က လူငယ်တွေထိ ရိုက်ခတ်ခဲ့ပြီး လူဖြူလူမဲခွဲခြားမှုကို အဆုံးသတ်နိုင်ခဲ့တယ်။
မြန်မာနိုင်ငံက လူငယ်တွေဟာလည်း ဒီစိတ်ဓာတ်နဲ့ စစ်အစိုးရအောက်အညံ့ခံမယ့်အစား ထောင်ပဲ အကျခံခဲ့ကြ တာဖြစ်တယ်လို့ သမ္မတအိုဘားမား ပြောကြားသွားတာဖြစ်ပါတယ်။
ဆဲလ်မာအနှစ် ၅ဝ ပြည့်အခမ်းအနားကို သမ္မတအိုဘားမား ဇနီးမောင်နှံ၊ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် ဇနီးမောင်နှံ၊ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်ပြီး အခုအခါ အမေရိကန် အောက်လွှတ်တော်အမတ် တစ်ဦးဖြစ်နေသူ မစ္စတာဂျွန်လူးဝစ်တို့နဲ့အတူ လွှတ်တော်အမတ် ၁၅ဝ တက်ရောက်ခဲ့ပါတယ်။