တိုက်ပွဲတွေကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း OHCHR ပြော


2018.05.16
kachin-refugees-622.jpg မြစ်ကြီးနားမှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အရှိန်ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အထူးစိုးရိမ်မကင်းဖြစ်ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး OHCHR က မနေ့က ပြောကြားလိုက်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်ခံစားနေ ရကြောင်း၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးရေး ကနေ ပြဿနာကို ပြေလည်အောင်ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း OHCHR ပြောခွင့်ရသူ Rupert Colville က ပြောပါတယ်။

မိမိတို့အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အရပ်သားတွေကို အကာကွယ်ပေးရေးသတိနဲ့ လုပ်ဆောင်ကြဖို့၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေကို လိုက်နာဖို့ တိုက်တွန်းကြောင်းလည်း သူကပြော ပါတယ်။

တချိန်ထဲမှာလည်း ပြည်သူတွေရဲ့ လွတ်လပ်စွာ စုရုံးခွင့်နဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ပြသခွင့်တွေကို လေးစားလိုက်နာဖို့လည်း မြန်မာအစိုးရအာဏာပိုင်တွေကို တောင်းဆိုပါတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။