အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေးထိပ်ဆုံးက ဆွေးနွေးမည်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ရဲ့ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။

2012.11.14

တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေးနွေးသွားဖို့အတွက် အိုအိုင်စီအဖွဲ့က ပြင်ဆင်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အိုအိုင်စီအနေနဲ့ ကြောင်း အိုအိုင်စီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်ဗ် သတင်းဌာနက ရေးသားပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ်ခဲ့ပြီး သေဆုံးသူတွေရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်းနိုင်ငံတွေကို အခုလို တိုက်တွန်းတာဖြစ်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။