ပုသိမ်ခရိုင် ကြိုးဝိုင်းအတွင်း ဆင်ဖြူလေး တစ်ကောင်ဖမ်းမိ
2015.03.01
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင်က သစ်တော ကြိုးဝိုင်းတစ်ခုမှာ ဆင်ဖြူမကလေး တစ်ကောင်ကို သောကြာနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဌာန အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
အသက် ၇ နှစ်လောက်ရှိတဲ့ ဆင်ဖြူမလေးကို လွန်ခဲ့တဲ့ တစ်လခွဲလောက်ကထဲက သစ်တော ကြိုးဝိုင်းထဲမှာ တွေရှိခဲ့ ကြပြီး အခု ဖမ်းမိလိုက်တာလို့ သစ်တောဌာန အရာရှိ ဦးထွန်းထွန်းဦးက ပြောပါတယ်။
အဲ့ဒီ ဆင်ဖြူလေးဟာ အရပ် ၆ ပေ ၃ လက်မ အမြင့်ရှိပြီး ဆင်ရိုင်းတစ်ကောင်သာ ဖြစ်နေသေးလို့ သူရော ဝန်ထမ်းတွေ ပါ အထိအခိုက် မရှိရအောင် သတိကြီးစွာထားနေကြရတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရင်က ဆင်ဖြူ ရှစ်ကောင် ဖမ်းမိနိုင်ခဲ့ပြီး အခုဖမ်းမိတာဟာ ကိုးကောင်မြောက် ဖမ်းမိတဲ့ ဆင်ဖြူ ကလေး ဖြစ်ပါတယ်။