အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ တရုတ် ၃၀၇ ယောက် မြန်မာက ပြန်လွှဲအပ်

RFA Burmese
2024.08.21
အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ တရုတ် ၃၀၇ ယောက် မြန်မာက ပြန်လွှဲအပ် ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား ၂၀၂၃ ခုနစ်၊ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်။
Chinese Embassy in Myanmar

မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်တဲ့ တရုတ်နိုင်ငံသား ၃၀၇ ယောက်ကို မြန်မာက ပြန်လွှဲပေးခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်က ပြောကြားလိုက်ပါတယ်။

မြန်မာနဲ့ တရုတ် မကြာခင်က ဆောင်ရွက်တဲ့ ပူးပေါင်းနှိမ်နင်းရေးအစီအစဉ်အရ မြန်မာနိုင်ငံထဲမှာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေသူတွေကို ဖမ်းဆီးပြီးနောက် ပြန်လွှဲအပ်တာလို့ တရုတ် ဆင်ဟွာ သတင်းက ဖော်ပြပါတယ်။

အွန်လိုင်း လိမ်လည်မှုဆိုင်ရာ သက်သေခံ ပစ္စည်းတွေလည်း မြန်မာဘက်က လွှဲအပ်တယ်လို့ ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိပါတယ်။ ဒီလို အမှုမှာ ပါဝင်ပတ်သက်တဲ့ လူကိုးယောက်ကိုလည်း တရုတ်နိုင်ငံမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မနှစ်ကစလို့ အွန်လိုင်း မသမာမှုလုပ်ငန်းတွေကို နှစ်နိုင်ငံပူးပေါင်း စစ်ဆင်နေတာဖြစ်ပြီး စုစုပေါင်း တရုတ် ၅၀၀၀၀ ကျော်ကို တရုတ်အာဏာပိုင်တွေဆီ မြန်မာက လွှဲအပ်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။