ရေဘေးအတွက် အော်ရီဒူးက ကျပ် ၁ဝ သန်း လှူဒါန်း


2018.08.11
ooredoo-myanmar-622.JPG ကရင်ပြည်နယ် ရေဘေးဒုက္ခသည်တွေအတွက် ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့က အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီ ငွေကျပ် ၁ဝ သန်းလှူဒါန်းစဉ်
Photo: Ooredoo Myanmar -fb

အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီက ကရင်ပြည်နယ် ရေဘေးဒုက္ခသည်တွေအတွက် သြဂုတ်လ ၁ဝ ရက်နေ့မှာ ကျပ်ငွေ ၁ဝ သန်း လှူဒါန်းခဲ့ပါတယ်။

အလှူငွေတွေကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံ ပေးအပ်ခဲ့ပြီး မြို့နယ် ၅ မြို့နယ်က ဒုက္ခသည်တွေကို ထောက်ပံ့မယ်လို့ ဆိုပါတယ်။

မိမိတို့ ကုမ္ပဏီဟာ ဒေသရဲ့ ဆက်သွယ်ရေးတိုးတက်မှုသာမက ဒေသခံတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ ဆောင်ရွက်နေပါတယ်လို့ မြန်မာပြည်ဆိုင်ရာ အော်ရီဒူး အမှုဆောင်အရာရှိချုပ် Vikram Sinha ဗစ်ကရမ် ဆင်းဟား က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။