စက်တင်ဘာတစ်လလုံး နိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီက ခုနစ်ရာကျော် သေဆုံး

2021.10.09
စက်တင်ဘာတစ်လလုံး နိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီက ခုနစ်ရာကျော် သေဆုံး ၂၀၂၁၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

စက်တင်ဘာလ တစ်လအတွင်းမှာ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်က သေဆုံးသူ ၇၆၈ ယောက် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်တပ်ဘက်က အယောက် ၂၂၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေဘက်က ၁၆၄ ယောက်သေဆုံးပြီး ဒဏ်ရာရသူ ၁၀၉ ယောက် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်းမှာ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ ၁၈၄ ကြိမ်အထိ ရှိခဲ့သလို အဲဒီအတောအတွင်း စစ်ကောင်စီဘက်က ၁၉၆ ယောက်နဲ့ ပြည်သူ ၈၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ ပြောလို့ရတဲ့ ရန်ကုန်မြို့ဟာတော့ စက်တင်ဘာလအတွင်း ပေါက်ကွဲမှု ၆၅ ကြိမ်အထိ ရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ပေါက်ကွဲမှုဖြစ်စဉ် ၃၄ ရာခိုင်နှုန်းအထိတောင်ရှိလို့ ပေါက်ကွဲမှုအများဆုံးမြို့ ဖြစ်နေတာကို ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။