ပဒိုမန်းရှာရဲ့ သားသမီးတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်


2017.02.15
pado-mahn-sha-family-620.jpg ပဒိုမန်းရှာရဲ့ သားသမီး သုံးဦးကို တွေ့ရစဉ်
Photo: Zoya Phan Facebook

၂၀၀၈ ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း ရဲ့ ပြည်ပရောက်သားသမီးတွေကို အန်အယ်လ်ဒီ အစိုးရက ပြည်ဝင်ခွင့်ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။

ပဒိုမန်းရှာရဲ့ ဗြိတိန်နိုင်ငံရောက် သမီးနှစ်ဦး၊ ကနေဒါနိုင်ငံရောက် သားဖြစ်သူနဲ့ မွေးစားသားဖြစ်သူတို့က ဧရာဝတီ တိုင်း ပန်းတနော်မြို့မှာကျင်းပမယ့် ဖဒိုမန်းရှာအတွက် ၉ နှစ်ပြည့်အောက်မေ့ဘွယ် အခမ်းအနားကို တက်ရောက် ဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ ငြင်းပယ်ခံခဲ့ရတာလို့ ပဒိုမန်းရှာရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရောက် ပဒိုမန်းရှာရဲ့ သမီးဖြစ်သူ နန့်ဇိုရာဖန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါ သူ့ကို မြန်မာအစိုးရက Black list စာရင်းထဲမှာထည့်ထားကြောင်း အကြောင်းရင်းကို သေသေချာချာ မသိရသေးကြောင်း RFA ကို ပြောပါတယ်။

ပဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့က သူ့ရဲ့နေအိမ်မှာ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခံ ခဲ့ရတာဖြစ်ပါတယ်။

နန့်ဇိုရာဖန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။