ပုဂံဘုရား ဂေါပကတွေကို သတိပေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုဆိုတာ၊ မှတ်တမ်းယူတာတွေ မလုပ်ဖို့ နယ်ခံ ဘုရား ဂေါပကတွေကို ကြိုတင် သတိပေး တားမြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။

2011.07.05
assk_pagan_visit_305_z.jpg နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်တွင်း ပုဂံဘုရားဖူး ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ် အဲရစ်တို့ကို အာနန်ဒါဘုရားရှေ့တွင် တွေ့ရပုံ။
AFP

၂ ရက်နေ့က ဘုရား ဂေါပကတွေကို ခေါ်ယူပြီး တရားဝင် ပိတ်ပင်ထားတာ မရှိပေမဲ့ ပန်းစည်းဆက်တာ ကြိုဆိုတာမျိုး မလုပ်ဖို့ သတိပေးခဲ့တယ်လို့ ညောင်ဦး ဒေသခံ NLD အဖွဲ့ဝင် တဦးကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မိသားစု ခရီးစဉ်သာ ဖြစ်တဲ့ အတွက် ဒေသခံ အန်အဲလ်ဒီ အဖွဲ့ဝင်တွေနဲ့ သီးခြား တွေ့ဆုံတာ ပါတီကိစ္စတွေ ပြောဆို ဆွေးနွေးတာ လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရ အရပ်ဝတ် လုံခြုံရေးတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်နေလို့ သိရပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ကိုဂျေက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။