ပလက်ဝမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၅၀ ကျော် ထွက်ပြေးနေရ


2019.08.10
palatwa-622.jpg ပလက်ဝမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ နမ္မတာကျေးရွာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၅၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ပလက်ဝမြို့နယ် ကျောက်ဖြာရွာနဲ့ မောင်ဝ (ခေါ်) သဲမချောင်းထဲရွာသားတွေက ကျေးရွာသား ၂၅၀ ကျော်ဟာ အောက်သဲမဝ ကျေးရွာဘက်ကို ထွက်ပြေးလာတာ ဖြစ်ကြောင်း ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝေတန်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဘက်ထိ ခိုက်ဒဏ်ရာရှိမှုတော့မရှိကြောင်း တပ်မတော်ဘက်က ပြောပေမယ့် ဒုက္ခသည်တွေ ထွက်ပြေးသွားကြတာဟာ တိုက်ပွဲကြောင့်မဟုတ်ဘဲ AA အဖွဲ့ကို ကြောက်ပြီး ထွက် ပြေးသွားတာဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တပ်မတော်ဘက်က စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ထွက်ပြေးသွားတဲ့ ကျေးရွာ သားတွေနဲ့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုး စားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။ ဒေသခံကျေးရွာသားတွေ ဘာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားတယ်ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ် အတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂၅၀၀ ကျော်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။