မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့်က ပယ်ဖျက်
2012.04.24

AFP
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲကို နိုင်ငံတော် သမ္မတက အဆိုပြုချက် ၃ စောင် တင်သွင်းခဲ့တဲ့အထဲမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်ပြီး အတည်ပြုတာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တွေရဲ့ လစာငွေလျော့ချခြင်း၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ တိုးမြှင့်ပေးခြင်း စတဲ့ ကိစ္စရပ်တွေကိုလည်း နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ အတည်ပြုလိုက်ကြောင်း သိရပါတယ်။
နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ စီမံခန့်ခွဲတဲ့ ကိစ္စရပ်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပေမဲ့ အဆိုပါ ကိစ္စရပ်တွေမှာတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်တာ ဖြစ်ကြောင်း သိရပါတယ်။