လွှတ်တော် ၂ ရပ် သဘောကွဲလွဲ
2011.10.05

AFP PHOTO
ဒါဟာ ပြည်သူလွှတ်တော်က ဆုံးဖြတ်ပြီး တင်သွင်းလာတဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က ပထမဦးဆုံး ပယ်ချလိုက်တာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
အဲဒီလို အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် (၂)ရပ် သဘောထား ကွဲလွဲတဲ့ ဥပဒေမူကြမ်းကို လွှတ်တော် (၂)ရပ်ပေါင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်မှာ ဖြေရှင်းကြရမယ်လို့ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော် အနေနဲ့ လွှတ်တော် (၂)ရပ်က သဘောထားမတူတဲ့ ဥပဒေ တွေကို မဲခွဲဆုံးဖြတ် ကြမှာမဟုတ်ဘဲ အကျေအလည် ဆွေးနွေးပြီး ညှိနှိုင်းဆုံးဖြတ်ကြမယ်လို့သိရပါတယ်။
ဒီအတောအတွင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) ကို ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုင်ငံရေးပါတီ တစ်ခုအဖြစ် အသိ အမှတ်ပြုလိုက်ပါတယ်။
ဦးသိန်းညွန့်က သူတို့ (NNDP) ပါတီအနေနဲ့ သင်္ကန်းကျွန်းမြို့နယ်ကို အမာခံထားပြီး ရန်ကုန်တိုင်းအတွင်း စည်းရုံးသွားမယ်လို့ ပြောပါတယ်။ ဒါအပြင် ကျန်တဲ့ တိုင်းဒေသကြီးတွေကို တိုးချဲ့ စည်းရုံးသွားမှာဖြစ်ပေမယ့် တိုင်းရင်းသားဒေသတွေ ပြည်နယ်တွေမှာ သူတို့ပါတီကို ဖွဲ့စည်းမှာ မဟုတ်ဘူးလို့ RFA ပြောပါတယ်။
ဦးသိန်းညွန့် အပါအဝင် အခု အမျိုးသားဒီမိုကရေစီ ပါတီသစ် မှာပါဝင်တဲ့ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေဟာ အရင်က အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှာ ပါဝင်ခဲ့ကြ သူတွေဖြစ်ပါတယ်။