အီလက်ထရောနစ် ဥပဒေပြင်ဆင်ရေး ဆွေးနွေးဖို့ လွှတ်တော်သဘောတူ


2013.08.21
utheinnyunt-305.jpg သင်္ဃန်းကျွန်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းနေစဉ်
photo: Hluttaw Website

၂ဝဝ၄ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲတဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအမှတ် ၅ /၂ဝဝ၄ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ဦးသိန်ညွန့်က တင်သွင်းခဲ့ရာမှာ လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

အခု ဒီဥပဒကြမ်းကို ပြင်ဆင်တဲ့အပိုင်းနဲ့ ပတ်သက်လို့ အဆိုရှင် ဦးသိန်းညွန့်က ဥပဒေအခန်း(၁၂)မှာပါင် တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို အဓိကထားပြီး ပြင်ထားတယ် လို့ RFA ကို အခုလိုပြောပါတယ် ။

"ပုဒ်မ ၃၃ မှာပါတဲ့ ပြဌာန်းချက်တွေဟာ အင်မတန်ကျယ်ပြန့်တယ်၊ တိုင်းရင်းသား စည်းလုံးခြင်းကို ထိခိုက်ရေး၊ ပြည်ထောင်စု ပြိုကွဲရေး နောက်ဘာညာအဲဒါတွေကို ကျနော်ကမဟုတ်ဘူး၊ အခြေခံဥပဒေမှာပေးထားတဲ့ ပုဒ် ၃၅၄ ကို အခြေခံပြီးတော့ အဲဒီဘောင်အတွင်းကျရင် နည်းဥပဒေနဲ့ ကင်းလွှတ်ခွင့်ရှိတယ်ဆိုတာကိုပြင်တယ်၊ နောက်ထောင်ဒဏ်ေတွကို ကျနော်ပြင်ပစ်လိုက် တယ်၊ ထက်ဝက်နီးပါး၊ သုံးပုံတစ်ပုံနီးပါး အထူးသဖြင့် ငွေဒဏ်ကို တော်တော်များများသုံးခိုင်းပါတယ်"

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်ကလည်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံပြောဆိုသွားပါတယ် ။

ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့် တင်ပြထားတဲ့ ထပ်မံဖြည့်စွက်ရန် အကြံပြုချက်မှာ နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့်ပြုဆိုသည့်ကိစ္စရပ်မှာ ယခုဥပဒေနဲ့ ဆက်သွယ်တဲ့ကိစ္စရပ်များမှာ နည်းပညာနဲ့ ဆက်စပ်နေတဲ့ကိစ္စရပ်များဖြစ်သဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို ကြိုတင်တောင်းခံမယ်ဆိုပြီးတော့ ပြင်ဆင်စဉ်းစားသင့်ပါကြောင်း တင်ပြအပ်ပါတယ်၊ ယခုတင်သွင်းတဲ့ ပြင်ဆင်ချက်အဆိုဟာ ဥပဒေကြမ်းကော်မတီသို့လွှဲအပ်ပြီး လက်ခံဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်အဆိုအား ကန့်ကွက်ရန်မရှိပါကြောင်း တင်ပြအပ်ပါတယ်”

ဒီဥပဒေကို ရုပ်သိမ်းပေးဖို့ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြီးခဲ့တဲ့ ဇန်နါရီလ (၂၉) ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်ခဲ့ဖူးပါတယ်။

ဒီဥပဒေဟာ အရင်စစ်အစိုးရလက်ထက်က အတိုက်အခံတွေကို အဓိကဖိနှိပ်ခဲ့တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဆွေးနွေးဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သဘောတူညီလိုက်တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။