သမ္မတနဲ့ ဒုသမ္မတများ အင်္ဂါနေ့ ရွေးချယ်မည်


2016.03.14
three-vice-presidents-620.jpg ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဒုတိယသမ္မတ ဦးထင်ကျော်၊ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူ တို့ကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော်က ဒုတိယသမ္မတ ဦးထင်ကျော် ၊ ဦးဟင်နရီ ဗန်ထီးယူနဲ့ ဦးမြင့်ဆွေ (လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ်) တို့ကို အတည်ပြုလိုက်ပါတယ်။

တပ်မတော်သားအစုအဖွဲ့က တင်မြှောက်တဲ့ ဦးမြင့်ဆွေကိုလည်း အရည်အချင်းပြည့်မီတဲ့အတွက် အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

"သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့က ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ရွေးချယ်တင်ပြထား တဲ့ ဒုတိယသမ္မတ သုံးဦးအား နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ပြည့်စုံကြောင်း စိစစ်ရေးအဖွဲ့ဝင်အများစုက ထောက်ခံတင်ပြထားပါတယ်၊ စိစစ်ရေးအဖွဲ့ဝင် တစ်ဦးကတော့ တချို့သော သမ္မတလောင်းဆိုင်ရာ အချက်အလက်အချို့ကို ပြန်လည်စိစစ်သင့်ကြောင်း ဆွေးနွေးချက်ကိုလည်း စိစစ်ရေး အဖွဲ့အစည်းအဝေးမှာ မှတ်တမ်းတင်ထားပြီး ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါတယ်"

ဦးဟင်နရီ ဗန်ထီးယူဟာ နိုင်ငံခြားမှာ နေထိုင်ခဲ့ဖူးတယ်လို့ သိရတဲ့အတွက် ပြန်လည်စိစစ်ပေးဖို့ ရွေးချယ် စိစစ်ရေးအဖွဲ့မှာပါတဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက တင်ပြပေမယ့် စိစစ်ရွေးချယ်ရေးအဖွဲ့မှာပါတဲ့ အဖွဲ့ဝင် ၇ ဦးမှာ အများ ၆ ဦးက လက်ခံတဲ့အတွက် ဦးဟင်နရီကိုလည်း အတည်ပြုလိုက် တာ ဖြစ်ပါတယ်။

အဲ့ဒီ ၃ ဦးထဲက နိုင်ငံတော်သမ္မတအဖြစ် တစ်ဦးကို မနက်ဖြန်မှာ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ရွေးချယ်တင်မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော်မှာ မနက်ဖြန် မနက် ၁ဝ နာရီမှာ မဲပေးရွေးချယ်ကြ ရမှာ ဖြစ်ပါတယ်။

ဆန္ဒမဲပေးပုံ ပေးနည်းကို ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ရှင်းပြပါတယ်။ မဲပေးရာမှာ ထောက်ခံသူကို အမှန်ခြစ်ရမှာဖြစ်သလို မထောက်ခံသူကို အမှားခြစ်ပြီး မဲပေးကြရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။