ဥပဒေဟောင်းတွေဖျက်ဖို့ လွှတ်တော်မှာဆွေးနွေး

မြန်မာနိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ လူမှုရေးအသင်းအဖွဲ့ဆိုင်ရာ ဥပဒေတွေဟာ ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက် ဥပဒေဟောင်းတွေ ဖျက်သိမ်းပြီး ဥပဒေသစ်ပြဌာန်းဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

2012.08.15
parliament-session-081512-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ တည်ဆဲအသင်းအဖွဲ့ဆိုင်ရာ ဥပဒေတွေဟာ တင်းကျပ်လွန်းတဲ့အတွက် ဒီအဆိုကို တင်သွင်းတာလို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က RFA ကိုပြောပါတယ်။

အဲဒီအဆိုကို NLD ၊ NDF ၊တစည၊ ဖလုံစဝေါပါတီ၊ ကျားဖြူပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့က ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီထံကို တရားစီရင်ရေးဆိုင်ရာ တိုင်စာတွေ၊ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တိုင်စာတွေ အများအပြား ပေးပို့လာကြတယ်လို့ သိရပါတယ်။ ကော်မတီဖွဲ့စည်းပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို တိုင်ကြားစာတွေ ရောက်ရှိလာတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။