NLD လွှတ်တော်တက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေ ဦးရွှေမန်းထံစာပို့

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေက စာရေးသား တောင်းဆိုလိုက်ပါတယ်။

2012.04.26
thura-shwe-mann-305 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
RFA

လွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုလွှာမှာ ဖော်ပြထားတဲ့ စကားတွေရပ်ကို ပြင်ဆင်နိုင်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရရှိထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး ဆောင်ရွက်ပေးဖို့ တသီးပုဂ္ဂလအမတ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ပုဒ်မ (၆) ပါ စောင့်ထိန်း လိုက်နာရမယ့် ဝန်ခံချက်မှာလည်း အဲဒီစကားရပ်ကို ပြင်ဆင်ခဲ့ပြီး ဖြစ်တဲ့အတွက် အခု ကတိသစ္စာပြုလွှာမှာပါ အဲဒီ စကားရပ်ကို တပြေးညီ ပြင်ဆင်ပေးဖို့ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ ဧပြီလ ၂၅ ရက် နေ့စွဲနဲ့ ပေးပို့တဲ့ လွှတ်တော်အမတ်တွေရဲ့ စာထဲမှာ ရေးသားထားပါတယ်။

ဒီပေးစာနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-26 15:54

မေယာင္ရာဆီလူေနၾကတာမ်ားလား