ကိုယ်စားလှယ်အသစ်တွေ ကျမ်းကျိန်


2017.05.18
pyaithu-parlaiment-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး မေလ ၁၈ ရက်နေ့က ကျင်းပနေစဉ်
.

ဒီကနေ့ ပြန်လည်စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မုံရွာမဲဆန္ဒနယ်က ဦးညွန့်အောင်၊ လှိုင်သာယာမဲဆန္ဒနယ်က ဦးဝင်းမင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမဲဆန္ဒနယ်က ဦးနေကျော်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မဲဆန္ဒနယ်က ဦးမြစိန်၊ ကော့မှူးမဲ ဆန္ဒနယ်က ဦးကျော်ဆွေဝင်း ခေါ် ဦးအာလူး၊ ရခိုင်အမျိုးသားပါတီ အမ်းမဲဆန္ဒနယ်က ဒေါက်တာ အေးမောင်၊ ကြံ့ခိုင်ဖွံံ့ဖြိုးရေး ပါတီ ချောင်းဆုံမဲဆန္ဒနယ်က ဦးအောင်ကြည်သိန်း ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကျေးသီး မဲဆန္ဒနယ်က စိုင်းအောင်ကျော်နဲ့ မိုင်းရှူးမဲဆန္ဒနယ်က စိုင်းဝင်းအေး ခေါ် စိုင်းထွန်းအေး စတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၉ ဦး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အခုပြန်လည်ကျင်းပတဲ့လွှတ်တော်မှာ အစားထိုးလဲလှယ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦးကလည်း လွှတ်တော်လွှတ်တော် ဥက္ကဌရှေ့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုခဲ့ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။