ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာ အသုံးအနှုန်း ပြည်ထောင်စု လွှတ်တော် ကန့်ကွက်
2014.11.14

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် မှာရှိတဲ့ မွတ်စလင်တွေကို "ရိုဟင်ဂျာ" လို့ ခေါ်ဝေါ် သုံးစွဲခဲ့တာကို ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ကြေညာခဲ့ပါတယ်။
မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ အသိအမှတ် မပြုထားတဲ့ ရိုဟင်ဂျာလူမျိုးလို့ို သုံးစွဲခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ မစ္စတာ ဘန်ကီမွန်းအနေ နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ တိုက်တွန်းကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင် စုလွှတ်တော်မှာ အခုလို အဆိုတင်သွင်းခဲ့တာဖြစ် ပါတယ်။
"ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးလိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံတော်သမ္မတနဲ့ ကျနော်တို့ လူဦးရေ ၅၁ သန်းပေါ်မှာ ထိပါးရာရောက်ပါ တယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာ အသုံးအနှုန်းအား ပြည်ထာင်စုလွှတ်တော်မှ ကန့်ကွက်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ပြည်ထောင်စုလွှတ်တော်ကနေ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား တိုက်တွန်းကြောင်းအဆိုကို မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပ်တည်ချက်ဖြင့် ကျနော် ပြည်ထောင်စု လွှတ်တော်ကြီးအား လေးလေးစားစား အရေးတကြီးအဆိုဖြင့် တင်သွင်းရခြင်းဖြစ်ပါတယ်"
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ ရိုဟင်ဂျာလို့ တရားဝင်သုံးစွဲခဲ့တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။
အဲဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်ကလည်း ရိုဟင်ဂျာလို့ ဘန်ကီမွန်းက ခေါ်ဝေါ်သုံးစွဲခဲ့တာကို လက်မခံကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကလည်း မစ္စတာ ဘန်ကီမွန်းထံ ကန့်ကွက်ကြောင်း မနေ့က စာပေးပို့ခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ တို့ကလည်း မစ္စတာဘန်ကီမွန်းရဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းမှုအပေါ် ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်။