လွှတ်တော်များ ပြန်လည်စတင်၊ အခြေခံဥပဒေပြင်ရေး အဓိကဆွေးနွေးမည်


2015.05.11
dassk-nld-parliament-305.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် မေလ ၁၁ ရက်က ပြည်ထောင်စုလွှတ်တော် တက်ရောက်စဉ်
Photo: NLD Chairperson

ဒီကနေ့ နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ပထမဆုံးနေ့အဖြစ် ပြန်လည် ကျင်းပနေပါတယ်။

ဒီတစ်ကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကြမ်းတွေကို အဓိကထားဆွေးနွေး သွားဖို့ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းကော်မတီဝင် ဦးစောလှထွန်းက ပြောပါတယ်။

"အများပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကိစ္စ ဆိုတဲ့ဟာကလည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီကို တရားဝင် ရောက်ရှိလာတဲ့ အချိန်ရယ် အချိန်မီဆောင်ရွက်ပေးနိုင်ဖို့အတွက် ဒါပြင်ဆင်ထားသလို ဒီလိုပြည်သူတွေရဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ရယူဆောင်ရွက်ရမယ့် ဥပဒေတွေကို ပြင်ဆင်ဖို့အတွက်လည်း ဒီဥပဒေကြမ်းတွေကို ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေနဲ့ကတော့ မကျန်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါတယ်"

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖြစ်တယ်ဆိုရင် အဲဒီအချိန်မှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိ၊ မရှိ ကိစ္စကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ်လွှတ်တော်ဟာ ၂ လလောက် ကြာမြင့်နိုင်တယ်လို့ ကိုယ်စားလှယ်တွေက ခန့်မှန်းထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။