ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ကြေညာ
2015.07.25

Photo: RFA
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူ့ရဲ့ဇာတိ ပဲခူးတိုင်း ဖြူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သူရဦးရွှေမန်းရဲ့ အင်တာနက်ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောထားပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ သူ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ မန္တလေးတိုင်း ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံယှဉ်ပြိုင်သွားမယ်လို့ မနေ့က အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။
လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပါတီအနေနဲ့ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့် ကိုယ်စားလှယ်လောင်း စာရင်းကိုတော့ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။