လွှတ်တော်ရုံးအတွင်း ဓါးထိုးမှုဖြစ်


2016.10.05
sanaung-620.jpg ပြည်သူ့လွှတ်တော်အဆောက်အအုံကို အောက်တိုဘာလ ၅ ရက်နေ့က ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင် လာရောက်စစ်ဆေးစဉ်
Photo: Wun Naung Toe/ RFA

ပြည်သူ့လွှတ်တော် အဆောက်အအုံအတွင်းမှာ လွှတ်တော်ရုံးအမျိုးသမီးဝန်ထမ်း တစ်ဦး ဒီနေ့ မနက်ပိုင်းက ဓားထိုးခံခဲ့ရပါတယ်။

ဓါးထိုးခံရသူ အမျိုးသမီးဟာ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပြီး ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဖုန်းအရောင်း အဝယ်ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် အိမ်သုံးဓားနဲ့ထိုးတာ ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က သတင်းထောက်တွေကို အတည်ပြုပြောပါတယ်။

ဓားထိုးခံရသူအမျိုးသမီးရဲ့ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်းလည်း ရဲမှူးဆန်းအောင် က ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံး လက်ထောက် ညွန်ကြားရေးမှူးက ရုံးအကူဝန်ထမ်းအမျိုးသမီးထံကနေ ဖုန်းဟန်း ဆက်ဖိုး အကြွေးတောင်းရာမှာ ရုံးအကူ အမျိုးသမီးက လက်ထောက် ညွှန်ကြားရေးမှူးရဲ့ နောက်ကျောကို ကြက်သွန်လှီးဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။