ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီများ ပြင်ဆင်

လာမယ့် နိုဝင်ဘာလလောက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၁ ပါတီ မဟာမိတ် အဖွဲ့ဟာ လက်ရှိ အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ယှဉ်ပြိုင် အနိုင်ယူနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ တရပ်ကို ဆွေးနွေး ညှိနှိုင်းနေကြပါတယ်။

2011.06.14

အဲဒီ ၁၁ ပါတီထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသား ပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ် ပါတီ-မြန်မာ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။

ဒီမိုကရေစီ မိတ်ဆွေများ မဟာမိတ် ၁၁ ပါတီရဲ့ မဟာဗျူဟာနဲ့ ပါတ်သက်လို့ ညှိုနှိုင်း ဆွေးနွေးပွဲတွေ တက်ရောက်နေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကြည်သန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။