ပေါက်တောမီး ၁၅ ဦး ဒဏ်ရာရ


2017.05.17
pauktaw-fire-620.jpg ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ မေလ ၁၇ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်
Photo: Ko Gyi Kyaw

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ ဒီနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦးအထိ ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာန ကတာဝန်ရှိသူက ပြောပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ပေါက်တောနဲ့ စစ်တွေဆေးရုံတွေပို ပို့ဆောင်ထားတယ်လို့ ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးမျိုးမင်းထွန်းကပြောပါတယ်။

"အရေးကြီးလူနာကတော့ တစ်ယောက်၊ နှဏ်ယောက်ရှိတယ်လို့ သိရပါတယ်၊ စစ်တွေဆေးရုံကို ဒီကကြက်ခြေနီအဖွဲ့က ခေါ်သွားပါတယ်၊ ပေါက်တောက မီးသတ်ယာဉ် သုံးစင်းနဲ့ မီးငြိမ်းပါတယ်၊ ပိုင်ရှင်ကိုယ်တိုင် မီးလောင်ဒဏ်ရာရလို့ ဆေးရုံတင်ထားရပါတယ်၊ သူ့ကို မီးပေါ့ဆမှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်"

ဒီနေ့မနက် ၈ နာရီခွဲအချိန်မှာ ထမင်းချက်ဖို့ မီးမွှေးရာကနေ လောင်စာဆီပုံးတွေကို မီးကူးစက် လောင်ကျွမ်းခဲ့ တာဖြစ်ပြီး မီးသတ် တပ်ဖွဲ့ဝင်အင်အား ၂၁ ဦးနဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့အိမ်ဟာ ဆီဆိုင်ဖွင့်ထားတဲ့အိမ်ဖြစ်ပြီး အိမ်ရှင်ကို မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်ခန်းနဲ့ တွဲလျက်ရှိနေတဲ့ နေအိမ် ၁၅ လုံး လောင်ကျွမ်းခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကတော့ ငွေကျပ် သိန်း ၁၅၀ လောက်ရှိတယ် လို့လည်း ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနမှူးကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။