အများပိုင်မြေမှာ နေအိမ်ဆောက်မှု လွှတ်တော်မှာ တင်ပြသွားမည်


2016.07.03

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုက ပေါင်းကူသင်္ချိုင်းမြေ ၃ ဧကခွဲမှာ အငြိမ်းစား တပ်မတော် အရာရှိတစ်ဦးက နေအိမ်ဆောက် လုပ်ထားတာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ထံ တင်ပြသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

အများပိုင်မြေကို အုပ်ချုပ်ရေးပိုင်းက ရောင်းစားခဲ့တဲ့ ကိစ္စတွေဟာ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက် တိုင်းလိုလိုမှာ ရှိနေတာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။

"ခေတ်ကလကလည်း ကျနော်တို့ ရပ်ကွက်တွေရော ကျန်တဲ့ရပ်ကွက်တွေအသီးသီးတွေက အများ ပိုင်မြေတွေကို အုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းပြီးတော့ ရောင်းစားတဲ့ဟာတွေက အကုန်လုံး မင်္ဂလာဒုံ မှာ နေရာတိုင်း၊ ရပ်ကွက်တိုင်းလိုလိုမှာ ဖြစ်နေတယ်၊ ဖြစ်နေတဲ့အတွက် ဒါကိုတော့ ကျနော်တို့ အစိုးရလက်ထက်မှာ တားဆီးရမှာပဲ၊ အဲ့ဒီတော့ ဒါရှေ့ဆက်တိုးလာမယ်ဆိုရင်တော့ ကျနော်တို့က ဒါတွေကို လွှတ်တော်ကိုတင်ရင် တင်ရမယ်ပေါ့၊ ဘာမြေအမျိုးအစားဖြစ်တယ်၊ သူတို့တရားမဝင် ရောင်းချတာ ဘယ်သူတွေမှာတာဝန်ရှိလဲဆိုတာ ကျနော်တို့ စိစစ်ရမှာပေါ့"

အဲဒီသင်္ချိုင်းမြေ ၃ ဧကခွဲကို အုပ်ချုပ်ရေးမှူးနဲ့ မြေယာကော်မတီတို့က ရောင်းထားပြီး အငြိမ်းစား တပ်မတော် အရာရှိတစ်ဦးက အဲဒီမြေနေရာမှာ နေအိမ်နှစ် လုံးဆောက်ထားတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

အဲဒီမြေနေရာမှာ ခြံစည်းရိုးခတ်ပြီး နေအိမ်ဆောက်လုပ်ထားပေမယ့် မြေနေရာအတွက် အမည်ပေါက် ဂရံလာလျှောက်ထားသူ မရှိသေးဘူးလို့လည်း ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။