ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည်

2021.08.17
ပြည်သူတွေကိုကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို NUG က မကြာမီဆုံးဖြတ်မည် မင်းကင်း pdf တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: CJ

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ဖို့ တိုက်ပွဲဝင်မယ့်ရက်ကို အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ (NUG) က ဩဂုတ်လ ၁၇ ရက် ဒီနေ့ ပုံမှန်အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

နေ့တိုင်းလိုလို သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို NUG အစိုးရအနေနဲ့ ကာကွယ် စောင့်ရှောက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို မရပ်မနား ဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို မလွဲမရှောင်သာ တိုက်ပွဲဝင်ဖို့အတွက် စတင်မယ့်ရက်ကို ညှိနှိုင်းသတ်မှတ်သွားမှာဖြစ်ပြီး အစိုးရ အဖွဲ့အစည်းအဝေးမှာ ဒီအတွက် ဝိုင်းဝန်းဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဆိုပြီး ဖွဲ့စည်းထားထားသလို ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ တစ်လအတွင်းမှာ လက်နက်ကိုင် တိုက်ပွဲ ပေါင်း ၆၀၊ လက်နက်ကိုင် ခုခံမှုပေါင်း ၆၂ ကြိမ်၊ ပေါက်ကွဲမှုပေါင်း ၇၅ ကြိမ်အထိ ရှိခဲ့တာကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-17 21:23

Cheers NUG and PDF
The revolution must prevails