တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒီရက်ပိုင်း ခရီးမသွားကြဖို့ PDF သတိပေး

2021.12.22
တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒီရက်ပိုင်း ခရီးမသွားကြဖို့ PDF သတိပေး ယင်းမာပင်မြို့နယ်က YOMA Fighter ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo - Citizen Journalist

တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်း ချင်းတွင်းမြစ်ကူး တံတားကနေ ကလေး၀ - ယာကြီးလမ်းပိုင်းကို ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ကစပြီး ပြည်သူတွေ ခရီးမသွားကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သတိပေးကြေညာလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းသွားလမ်းလာတွေ အန္တရာယ်များမှာစိုးလို့ ခုလိုသတိပေးတာလို့ PDF တပ်ဖွဲ့ ဝင် တစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီနဲ့ ဒေသခံအဖွဲ့တွေ ယင်းမာပင်မြို့ အနောက်ဘက်နဲ့ မြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီတော့ ကနီ၊ ဆားလင်းကြီး၊ ပုလဲ ဘက်အခြမ်းတွေကနေလည်း ကူနေကြတာ၊ ဒီလမ်းပိုင်းတွေကို ဒီရက် ပြည်သူတွေသွားလာရင် အန္တရာယ်များမှာစိုးလို့ သတိပေးတာပါ၊ ပြန်လည် လာလို့ရရင် ပြန်ကြေညာပေးသွားမှာပါ"

စစ်ကောင်စီတပ်တွေဟာ သူတို့ကို အပြင်းအထန် ခုခံကာကွယ်နေတဲ့ဒေသတွေကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။

ဒီနေ့မနက်ကစပြီး ယင်းမာပင်မြို့နယ်တဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်နေလို့ ငါးရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။