ငြိမ်းချမ်းရေးဆု လက်ခံဖို့ ကိုမင်းကိုနိုင် နော်ဝေ သို့ထွက်ခွါ

နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု ကို လက်ခံရယူဖို့၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

2013.02.14

ဒီခရီးစဉ်မှာ နော်ဝေနိုင်ငံ စထရာဟမ်းမြို့က ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို မနက်ဖန်မှာ လက်ခံရယူသွားမယ်လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့ ၁၄ ရက်နေ့ ရန်ကုန်ကနေ စထွက်မယ်၊ ၁၅ ရက်နေ့မှာ နော်ဝေနိုင်ငံမှာ ပြုလုပ်မယ့် ထာဝရငြိမ်းချမ်းရေး ဆုယူဖို့ရှိတယ်၊ ၁၆ ရက်နေ့မှာ မြန်မာကျောင်းသားတွေနဲ့ မြန်မာမိသားစုတွေနဲ့ တွေ့မယ်၊ ၁၇ ရက်နေ့မှာတော့ အော်စလိုကိုရောက်မယ်"

ဒီခရီစဉ်အတွင်းမှာ နော်ဝေနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှာဖြစ်ပြီး မြန်မာအသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံသွားမယ့်အပြင် အဲဒီနိုင်ငံမှာပဲ ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့လည်း ကိုပြုံးချိုက ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ကိုပြုံးချိုတို့ဟာ နော်ဝေနိုင်ငံခရီးစဉ်အပြီးမှာ ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေကို သွားရောက်လည်ပတ်မှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ထိ ၉ ရက် ကြာသွားရောက်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။