KNU နဲ့ ငြိမ်းချမ်းရေးကော်မရှင် အလွတ်သဘောတေ့ွဆုံ


2019.01.13
knu-pc-622.jpg အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံစဉ်
Photo: Aung Moe Myint/RFA

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့နဲ့ အလွတ်သဘော ဆွေးနွေးပွဲကတဆင့် တရားဝင်ဆွေးနွေးပွဲတွေကို အမြန်ဆုံးသွားနိုင်ဖို့အတွက် တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNU နှစ်ဖက်ခေါင်းဆောင်တွေ လေးနာရီကြာ အလွတ်သဘော တေ့ွဆုံဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ဦးဇော်ဌေး က ပြောခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU က ပဒိုစောတာဒိုမူး ဦးဆောင်ပြီး ဗိုလ်မှူးကြီး တူးတူးလေး၊ ပဒိုစောတောနီး၊ နော်မေဦး၊ စောဘောဘိုး၊ စောအယ်ဒိုစိုးတို့ တက်ရောက်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ကတော့ အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့အတူ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။