၂ဝ၂ဝ နှစ်ဆန်းမှာ ၂၁ရာစုပင်လုံ ကျင်းပဖို့သဘောတူ


2019.09.10
peace-622.jpg အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် စက်တင်ဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့သော " NCA-S EAO ညှိနှိုင်းရေး အဖွဲ့" ညှိနှိုင်းအစည်းအဝေး။
Photo: Hla Maung Shwe/ Facebook

ရန်ကုန်မြို့ အမျိုးသားသင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုမှာ စက်တင်ဘာ ၁ဝ ရက်နေ့ကျင်းပတဲ့ အစည်းအဝေးကနေ ၂ဝ၂ဝ နှစ်ဆန်းပိုင်းမှာ ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပဖို့ မူအားဖြင့် သဘောတူခဲ့ပါတယ်။

ဒီအစည်းအဝေးဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးဗဟိုက ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်၁ဝဖွဲ့က ကိုယ်စားလှယ်တဦးစီပါတဲ့ အလုပ်အဖွဲ့နှစ်ဖ့ွဲက ကိုယ်စားလှယ်တွေ  ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းတွေကို နှစ်ဖက်အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။