ငြိမ်းချမ်းရေးကော်မတီ ပြည်ပရောက် အဖွဲ့အစည်းများနဲ့ တွေ့ဆုံ

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းဟာ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် မီဒီယာ အဖွဲ့တွေနဲ့ပါ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

2012.02.06
aung-min-b305 ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၆ ရက် နေ့တွင် ချင်းမိုင်မြို့၌ ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်ပရောက် မြန်မာ အဖွဲ့အစည်းများနဲ့ တွေ့ဆုံနေစဉ်။
RFA

ဝန်ကြီး ဦးအောင်မင်းဟာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB တို့နဲ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီမိုကရက်တစ် မြန်မာ့အသံ DVB တို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ရာမှာ လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်း အခြေအနေတွေကိုသာ အပြန်အလှန် ပြောဆိုဆွေးနွေးတာသာ ဖြစ်ကြောင်း မဇ္ဈိမသတင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလားတူ ဝန်ကြီး ဦးအောင်မင်းဟာ မနေ့ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS နဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ခုလို တိုင်းရင်းသား အဖွဲ့တွေနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနေတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်ဆိုရင် အဖွဲ့အစည်းတိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ မိုင်းအိုက်ပုန်းက ဒီကနေ့ ပြောဆိုပါတယ်။

ဝန်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ဟာ ဒီကနေ့ မွန်းလွဲ ပိုင်းမှာ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်း ထောက် ကိုအောင်မြတ်စိုးက တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။