လက်ထိပ်ခတ်ပြီး ရုံးထုတ်တာ ရဲလက်စွဲဥပဒေနဲ့ မညီဘူးလို့ ရှေ့နေပြော


2019.05.22
peacock-generation-court-may22-622.jpg ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ရန်ကုန်မြို့၊ မရမ်းကုန်း တရားရုံးမှာ ၂၀၁၉၊ မေ ၂၂ ရက်နေ့က ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/ RFA

တရားစွဲဖမ်းဆီးခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို လက်ထိပ်ခတ်ပြီး တရားရုံးကို ခေါ်ဆောင်လာတာဟာ ရဲလက်စွဲ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့် က ဒီနေ့ ပြောပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မရမ်းကုန်း တရားရုံးမှာ ဒီကနေ့ ရုံးထုတ်တာဖြစ်ပြီး တရားလိုဘက်က တင်ထားတဲ့ သံချပ်စာသားတွေ၊ စီဒီခွေတွေကို စစ်ဆေးခဲ့ပါတယ်။

တရားလိုဘက်က တင်သွားထားတဲ့ သံချပ်စာသားတွေ၊ သံချပ်စီဒီခွေတွေကို ကန့်ကွက်ထားပြီး လာမယ့် မေ ၂၉ ရက်နေ့ ရုံးချိန်မှာ လျှောက်လဲချက်တင်သွားမယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ မကေခိုင်ထွန်း တို့ကို ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့် က နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ မရမ်းကုန်းတရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရုံးထုတ်လာချိန်မှာ သံချပ်အဖွဲ့တွေကို လက်ထိပ်ခတ် ဖမ်းဆီးတာ၊ ရဲအင်အား ၅၀ လောက် လုံခြုံရေးယူတာတွေရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း နဲ့ ကိုအောင်သိင်္ခတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။