လူကုန်ကူးခံရသူအများစု တရုတ်နိုင်ငံကို ရောင်းစား ခံရလို့ ပြည်ထဲရေးဝန်ကြီး ပြော


2014.09.13
people-trade-305 တရုတ်နိုင်ငံမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံက လူကုန်ကူးခံရတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံက လူကုန်ကူးခံရသူအများစုဟာ တရုတ်နိုင်ငံကို ရောင်းစားခံနေကြရတာဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပဌာန်းထားတဲ့ လက်ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟာဥပဒေဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုရှိတော့တဲ့အတွက် ပြန် လည်ပြင်ဆင်သွားမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာပါ မြန်မာနိုင်ငံနဲ့ပတ်သက် တဲ့ ထောက်ခံအကြံပြုချက် (၁၃) ချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းအသီးသီးက အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း ဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ၇၂ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၁၁ ယောက်ကိုအရေးယူခဲ့သလို လူကုန်ကူးခံရသူ စုစုပေါင်း ၁၀၅ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။