နွံကန်ပြိုကျမှုကြောင့် သေဆုံးသူတွေကို နစ်နာကြေး သိန်းသုံးရာစီပေး


2019.04.28
pharkant-collapse-622.jpg ဖားကန့်မြို့နယ် မှော်ဝမ်းကြီးအနီးက ပြိုကျခဲ့တဲ့နွံကန်ကို ၂၀၁၉ ဧပြီ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Moe Moe

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသွားတဲ့ အလုပ်သမားတွေအတွက် တစ်ဦးကို သိန်း ၃၀၀ စီနစ်နာကြေးပေးခဲ့တယ် သိရပါတယ်။

မြန်မာသူရ ကုမ္ပဏီနဲ့ ရွှေနဂါးကိုးကောင် ကုမ္ပဏီ နှစ်ခုလုံးက သေဆုံးခဲ့တဲ့ ဝန်ထမ်းအားလုံးအတွက် နစ်နာကြေးပေးပြီးဖြစ်ကြောင်း ဖားကန့်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က RFA ကို ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ဗလခ ကျေးရွာအနီးမှာ ဧပြီလ ၂၂ ရက်နေ့ညက နွံကန်ပြိုကျတာကြောင့် မြန်မာသူရ ကုမ္ပဏီက ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့ပြီး၊ ရွှေနဂါးကိုးကောင် ကုမ္ပဏီက ၂၆ ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၂၃ ရက်နေ့ညကလည်း မော်မောင်းလျှံအောက်ဘက်က ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လုပ်ကွက်မှာ မြေစာပစ်တဲ့ နွံကန်ဟောင်းပြိုကျခဲ့တာကြောင့် လူ နှစ်ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီသေဆုံးသူ နှစ်ဦးအတွက် နစ်နာကြေး ရ၊ မရဆိုတာတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။