ရိုဟင်ဂျာတွေရဲ့ အခြေအနေပိုမိုဆိုးဝါးလာနေဟု ကုလ မင်းကြီးပြောကြား

RFA Burmese
2023.10.17
ရိုဟင်ဂျာတွေရဲ့ အခြေအနေပိုမိုဆိုးဝါးလာနေဟု ကုလ မင်းကြီးပြောကြား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်းဒီ ၂ဝ၂၁ ခုနှစ် မေလဆန်းပိုင်းက ဘရပ်ဆဲလ်နိုင်ငံတွင် ကျင်းပသည့် အီးယူဥရောပသမဂ္ဂ အစည်းအဝေး တက်ရောက်ခဲ့စဉ်။
AFP

ရိုဟင်ဂျာဒုက္ခသည်တွေ ရရှိနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ လျော့နည်းလာနေတဲ့အတွက် ကမ္ဘာပေါ်က အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ပဋိပက္ခတစ်ခုကို တစ်နေ့တခြား ပိုမိုဆိုးဝါးစေလျက်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်းဒီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီပဋိပက္ခကို မိမိတို့ မမေ့သင့်ပါဘူး။ ကူညီပံ့ပိုးမှုတွေ ဆက်လက်ကျဆင်းနေမယ်ဆိုရင် အခက်ကြုံရပါလိမ့်မယ်လို့လည်း ဒေသဆိုင်ရာ ညီလာခံတစ်ခုကို တက်ရောက်နေတဲ့ ကုလဒုက္ခသည်များဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒီနှစ်အတွက် ကူညီငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၇၆ သန်း လိုအပ်နေပေမယ့် အခုအထိ အဲဒီပမာဏရဲ့ ၄၂% ကိုပဲ ရရှိခဲ့တဲ့အတွက် လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည် တစ်ဦးကို တစ်လ ၈ ဒေါ်လာပဲ ပေးနိုင်တော့တယ်လို့လည်း သူက ပြောပါတယ်။

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးကို ဦးစားပေးဆောင်ရွက်နေဆဲဖြစ်ပါတယ် လို့လည်း ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်းဒီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။