ရိုဟင်ဂျာတွေ လက်ခံလိုကြောင်း ဒူတာတေး ပြော


2018.04.05
philippines-president-dassk-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးတို့ ၂ဝ၁၇ ခုနှစ် မတ်လ ၂၀ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office/ Facebook

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရကြောင်းနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ အဲဒီလူတွေကို ဖိလစ်ပိုင်နိုင်ငံက လက်ခံလိုပါကြောင်း ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အဲဒီ မွတ်စလင်တွေကို ဥရောပ နိုင်ငံတွေကလည်း ခွဲဝေလက်ခံသင့်ကြောင်းနဲ့ ဒီပြဿနာကို အခုအချိန်ထိ နိုင်ငံတကာအသိုင်းအဝန်းက ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းလည်း သူက ပြောပါတယ်။

အခုလို ဖိလစ်ပိုင်သမ္မတရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရပြောခွင့်ရှိသူ ဦးဇော်ဌေးက ဒူတာတေးဟာ မြန်မာပြည်အကြောင်း ဂဃနဏ မသိဘဲ ထင်ရာမြင်ရာ ပြောလေ့ရှိသူဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ဖိလစ်ပိုင်သမ္မတက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ပြစ်တင်ပြောကြားရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်နာမကို ထည့်သွင်းပြောဆိုခြင်းမရှိဘဲ အဲဒီ အမျိုးသမီးဟာ ကျနော့်ရဲ့ မိတ်ဆွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။