သတင်းမီဒီယာလွတ်လပ်ခွင့် ဓာတ်ပုံပြပွဲ
2019.05.27

သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် တောင်းဆိုဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံတွေကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းက ORCHID ဟိုတယ်မှာ ဒီနေ့ ပြသနေပါတယ်။
သတင်းလွတ်လပ်ခွင့် Press Freedom ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဒီဓာတ်ပုံပြပွဲမှာ သတင်းသမားတွေ သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒထုတ်ဖော်နေပုံတွေ၊ သတင်းသမားတွေ ဖမ်းဆီးချုပ်နှောင်ခံရပုံတွေ စုစုပေါင်း ပုံ ၄၀ ကို အဓိက ပြသထားတာဖြစ်ပါတယ်။
မြန်မာသတင်းသမားများ ကာကွယ်ရေးကေ်ာမတီ အဖွဲ့ဝင် မလှလှဝင်းက သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် လှုပ်ရှားခဲ့တဲ့ထဲမှာ သတင်းသမားတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတာကို အများပြည်သူ သိရှိစေဖို့ ပြသလိုတာကြောင့် ဓာတ်ပုံပြပွဲကို ကျင်းပရတာဖြစ်ကြောင်း ပြောပါတယ်။
ပြသထားတဲ့ ပုံတွေနဲ့ ပတ်သက်ပြီး ပြပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုဂျေပိုင်က ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ သတင်းလွတ်လပ်ခွင့်ရရှိဖို့အတွက် သတင်းမီဒီယာသမားတွေ ကြိုးစားခဲ့တဲ့ ပုံတွေနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ ပုံတွေကို အဓိကပြထားကြောင်း ပြောပါတယ်။
ဒီပြပွဲကို ဒီနေ့တစ်ရက်သာ ကျင်းပတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း နဲ့ ကိုထက်အာကာ တို့ ပေးပို့တာပါ။