ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို

2021.10.01
ဒေါ်အောင်ဆန်းစုကြည်ကို ရွှေချောင်းတွေ ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးမှာ ထွက်ဆို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းကို သုံးကြိမ်ခွဲပြီးပေးခဲ့ကြောင်း ဒီနေ့ နေပြည် တော် တရားရုံးချိန်းမှာ ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါ တယ်။

ဦးဖြိုးမင်းသိန်းဟာ တရားလိုက စွပ်စွဲထားတဲ့အတိုင်း တရားခွင်မှာ ထွက်ဆိုခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

“ဦးဖြိုးမင်းသိန်း ကတော့ တရားလို ဦးရဲထက် ကို စစ်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာကို အမေစုကို ပေးခဲ့တယ်ဆိုတဲ့ အကြောင်း ထွက်ဆိုထားတဲ့ဟာပေါ့နော်၊ အဲဒီဟာကိုပဲ ဦးဖြိုးမင်းသိန်းကလည်း အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာအပြင် မိုင်းဖုန်းဆရာတော်ကြီးက အမေစုကို ပေး ထားတဲ့ ဆင်းတုတော်တစ်ဆူကိုပါ ပေးခဲ့တယ်ဆိုပြီး ထွက်ဆိုပါတယ်”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးရဲထက်က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းပေးခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတဲ့အမှုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြ သက်သေအဖြစ်နဲ့ အဲဒီလို ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီထွက်ဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ဦးရဲထက်နဲ့ ဦးဖြိုးမင်းသိန်းတို့ကို ပြန်လှန်စစ်ဆေးတာတွေ မလုပ်ခဲ့ဘဲ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ ရုံးချိန်းမှာမှ ပြန်လည်စစ်မေးသွားမယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်၊ ဦးမင်းသူတို့ကို အဂတိပုဒ်မ-၅၅ နဲ့ စွဲဆိုထားတဲ့ နောက်ထပ် အမှုနှစ်ခုမှာလည်း တရားလိုနဲ့ လိုပြသက်သေတစ်ဦးစီကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) တို့ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

​MMP
2021-10-01 12:32

တကယ် ကြီး ​ပေး ယူရင်​တော့ အဂတိလိုက်စားပြစ်မှု (၃သိန်းထက်မ​ကျော်ရ) ​​မြောက်တာပဲ။
ပြည်သူက nld ထင်သလို မစည်းလုံးပါဘူး။ အ​​ခြေခံ ဟီရိ၊ သြတပ(မ​ကောင်းတာ လုပ်ရမှာ ရှက်တာ၊ ​​​ကြောက်တာ)တရား နှင့် ကိုယ်ချင်းစာနာ တရား ​ပျောက်ဆုံး​နေလို့။
နှစ်ဘက်စလုံးက ​ဒေါသ​တွေ ကိုယ့် ဖြစ်ချင် ဆန်ဒ​တွေကို သကာဖုံး ပြီး ​ရှေ့တန်းတင်​​နေ ကြတယ်။
NLD က (၁) ပြည်သူ စိတ်ဓါတ် REVOLUTION မြှင့်တင် မြင့်မား​ရေး NO မလုပ်ခဲ့ဘူး။ (၂)တိုင်းရင်းသား​ခေါင်း​ဆောင်​တွေရဲ့ ယုံကြည်​ထောက်ခံမှုရ​အောင် NO မလုပ်နိုင်ခဲ့ဘူး။

Pdf နဲ့ nug ​တွေမှာလည်း အခွင့်ထူးခံချင်တဲ့ စိတ်​တွေရှိမယ်၊ မဖြစ်လာနိုင်ဘူးဆိုတာ အာမခံလို့ မရနိုင်ဘူး။ (project အလုပ်တစ်ခု စ​တော့မယ်ဆို သက်ဆိုင်ရာအလိုက် leader ​ခေါင်း​ဆောင် ​ခန့်မယ်ဆို anyhow ပြီးစလွယ် ခန့်လို့မရဘူး) ရန်ကုန် မန်တ​လေး ကွာသလို)​​သေချာစွာ အချိန်​ပေး ​ရွေးခန့်ဖို့ အ​ရေးကြီးပါတယ်။

Fedral army တိုင်းရင်းညွန့်​ပေါင်းစစ်တပ်ဆို ပိုဆိုးမယ်==>မ​နေ့ တ​နေ့ကမှ လက်နက်ကိုင်​တွေနဲ့ ဆယ်စုနှစ်ချီ လက်နက်ကိုင်​တွေနဲ့ ​နေရာလုပွဲ။

နိင့်ငံအ​ရေး အဓိက outsider key play ​သော. က တရုတ်။
လူ​တွေက ကိုယ်နဲ့ ထိုက်တန်တာ ကိုယ်ရ​​နေ ကြတာပါ။


ဓမ်မ နဲ့ အဓမ်မ မှာ ဓမ်မက နိုင်မှာပါ။

ဆု​တောင်းကြဆို့