ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ရင် ထုတ်လုပ်စရိတ် သက်သာနိုင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြော


2017.04.10
phyominthein-press-620.jpg ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဧပြီလ ၁၀ ရက်နေ့က ကျင်းပတဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သင့်တင့်မျှတဲ့ ဈေးနှုန်းနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ အတွက် ကျောက် မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မယ်ဆိုရင် ထုတ်လုပ်စရိတ်သက်သာ နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ဒီနေ့ ကျင်းပတဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ေရး ကော်မတီနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။

"လျှပ်စစ်ထုတ်လုပ်တဲ့ဈေးနဲ့ လျှပ်စစ်ကိုရောင်းနေရတဲ့ဈေးမှာ နိုင်ငံတော်ဟာ အရှုံးခံနေရတဲ့ အခြေအနေ ရှိပါတယ်"

ဒါ့အပြင် စက်မှုဇုန်တွေမှာ ကျူးကျော်နေထိုင်သူတွေကို နှစ်သုံးဆယ် ချေးငွေ ချပေးပြီး အိမ်ယာ စီမံ ကိန်းတွေ ဖော်ဆောင်ပေးဖို့ အစီအစဉ် အောင်မြင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဧပြီလကုန်ပိုင်းမှာ အိမ်ယာစီမံကိန်းတွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၆၄ ဘီလီယံ သုံးစွဲဖို့ လျာထားကြောင်းလည်း ပြောခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ တံတား ၉ စင်းမှာ တံတားဖြတ်သန်း ခ ကောက်ခံတာတွေ မလုပ်တော့ဘဲ ကုန်တင်ကားတွေ အနေနဲ့ အာဆီယံ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘဲ တန်ချိန်အပို တင်တာတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီနေ့ တေ့ွဆုံပွဲမှာ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သူ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနဲ့ ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က တာဝန်ရှိသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။