အာဇာနည်နေ့ ကဗျာရွတ်ဆိုပွဲ ကျင်းပ


2014.07.19
martyr-yagon-305 ကဗျာချစ်သူများအသင်းက ဦးဆောင်ပြီး ၆၇ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဆိုပွဲကို ဝန်ကြီးများရုံးဘေးမှာ ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပစဉ်
Photo : Kyaw Htoon Naing, Kyaw Lwin Oo / RFA

၆၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အတွင်းဝန်ရုံးရှေ့မှာ ကဗျာချစ်သူများအဖွဲ့က အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့ကဗျာ ၁၀ ပုဒ်ကို ရွတ်ဆိုခဲ့ကြပါတယ်။

ဒီနေ့ရွတ်ဆိုတဲ့အထဲက ကဗျာဆရာလင်းရည်သွေးက အခုလို ပြောပါတယ်။

"တိုင်းပြည်တစ်ပြည်မှာ အာဇာနည်နေ့ဆိုတာ မဖျက်ကောင်းတဲ့နေ့တစ်နေ့ပါ၊ ကျနော်တို့ တိုင်းပြည် ဆိုရင် လွတ်လပ်ရေးရပြီးတော့ ဒီမိုကရေပုံစံနဲ့ သွားမယ်ဆိုပြီး တကယ့်အရည်အသွေးရှိတဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေ တိုင်းပြည်မှာ ပျောက်ဆုံး သွားရတယ်၊ ကျနော်တို့နိုင်ငံအတွက် ဆုံးရှုံးသွားရ တဲ့နေ့ဟာ အာဇာနည်နေ့ဖြစ်တယ်၊ ဒါကြောင်း တိုင်းပြည်မှာ အာဇာနည်နေ့ဆိုတာ မဖျက်ကောင်း တဲ့နေ့တစ်နေ့ပါ၊"

ဒီနေ့ကဗျာရွတ်ဆိုပွဲမှာ ကဗျာဆရာ ၃၀ ဦး တက်ရောက်ခဲ့ပြီး ရာနဲ့ချီတဲ့ ပရိသတ်ကလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်တွေကို လွမ်းသူပန်းခွေတွေချပြီး ဂါရဝပြုခဲ့ကြပါတယ်။

အာဇာနည်တွေကို ဂုဏ်ပြုတဲ့ ကဗျာရွတ်ဆိုပွဲအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။