ဖမ်းဆီးခံထားရတဲ့ လက်ပံတောင်း ဇီးတောရွာသားနှစ်ဦး ပြန်လည် လွတ်မြောက်
2013.08.06
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဇီးတောရွာ၊ စမ်းမြဝတီကျောင်းတိုက်ကို အရပ်ဝတ်နဲ့ လုံခြုံရေးတပ်ဖွဲ့က ဒီနေ့မနက် ၂ နာရီလောက်မှာ လူနှစ်ဦးကို ဖမ်းဆီးသွားြပီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးလိုက် တယ်လို့ မုံရွာခရိုင် ဒုတိယ ရဲမှူးကြီး ဦးတင်ထွန်းက RFA ကို ေြပာပါတယ်။
“သတင်းတပ်ဖွဲ့ကနေပြီးတော့ သူတို့ကိုခေါ်ပြီး သူတို့ရွာရဲ့ အနေအထားလေးတွေ၊ ဖွံ့ဖြိုးတိုးတက်မှုလေးတွေ၊ ရွှေ့ပြောင်းဖို့ကိစ္စလေးတွေ၊ ရွာထဲမှာရှိနေတဲ့ မလိုအပ်တဲ့ သွေးထိုးလှုံ့ဆောမှုတွေ ဒါလေးတွေကို ခေါ်မေးတာပါ၊ ၁၂ နာရီ ၁၅ မိနစ်က ပြန်လွှတ်လိုက်ပါပြီခင်ဗျာ၊ ရွာအရောက် ကားနဲ့လိုက်ပို့ပေးတာပါ”
ဒီနေ့ မနက်အဖြစ်ကို ဇီးတောရွာသား ကိုတင်လင်းက အခုလို ပြောပါတယ်။
"ကျနော်တို့ကို ဖမ်းရတဲ့အကြောင်းအရင်းက သူတို့လိုချင်တဲ့လူတွေကို မေးမြန်းစုံစမ်းအောင်လုပ် ဖို့ ခေါ်သွားတဲ့အကြောင်းကိုတော့ ပြောလိုက်တယ်ခင်ဗျ၊ ကျနော်တို့ဆီကို လာကူညီတဲ့လူတွေ ကျောင်းမှာရှိလားပေါ့ဗျာ၊ မရှိဘူးလို့ပြောလိုက်တာပဲ၊ မရှိတာဘာလို့မရှိတာလဲလို့လည်းမေးတယ်၊ ကျနော်တို့က မြေယာလုပ်ငန်းတွေကို လက်လွှတ်ဆုံးရှုံးလိုက်လို့ရှိရင် အလုပ်အကိုင်မဲ့သွားမှာလို့၊ သူတို့ပြောချင်တာကတော့ ကိုဟန်ဝင်းအောင်တို့၊ ကိုသောင်းထိုက်တို့ အဲလိုလူတွေကို ဖမ်းချင်နေတဲ့ အနေအထားရှိတယ်"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် တောင်းဆိုကြတဲ့ ကျေးရွာသား ၇ ဦးနဲ့ ရွာသားတွေကို အကူအညီပေးနေတဲ့ ကွန်ရက်အဖွဲ့ဝင် ၈ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း သိရပါတယ်။