ရဲသေဆုံးမှု တိမ်းရှောင်နေသုူများ တရားခံပြေးအဖြစ် ကြေညာ


2014.06.08

ဒီနှစ်အစပိုင်း ဇန်နဝါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးသွားတဲ့ ဖြစ်စဉ်တွေနဲ့ဆက်နွယ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားကြောင်း အမည်မဖေါ်လိုတဲ့ မောင်တောခရိုင်ရဲအရာရှိတစ်ဦးက ဒီကနေ့ ပြောကြားပါတယ်။

ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားတယ်လို့  အဲ့ဒီ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဒုချီးရာတန်းနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေက မွတ်ဆလင် ၈ ဦးကိုလည်း မေလ ၂၈ ရက်နေ့က မောင်တောမြို့နယ်တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်စီအသီးသီးချမှတ်ခဲ့ပါတယ်။

ဦးအောင်ကျော်သိန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းကျေးရွာမှာ လုံခြုံရေးကင်းလှည့် စဉ် ကျေးရွာသားတွေနဲ့  တိုက်ခိုက်မှုဖြစ်ကာ သေဆုံးသွားခဲ့ပြီး သူနဲ့အတူပါတဲ့ သေနတ်တစ်လက်လည်း ပျောက် ဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။