ကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ စစ်တွေမှာ ဖမ်းဆီးရမိ


2013.08.02

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်ဘက်ကိုတင်ပို့မယ့် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းနီးပါးကို စစ်တွေ-ဘူးသီးတောင် အမြန်ရေယာဉ်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးရမိတဲ့ ဒီမူးယစ်ဆေးဝါးတွေကို စစ်တွေမြို့မှာနေထိုင်သူတစ်ဦးက လက်ဆွဲအိတ်မှာထည့်ပြီး စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို သွားရောက်ဖို့ပြင်ဆင်နေစဉ် ရွှေပြည်တန် အမြန်ရေယာဉ်ဂိတ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိတယ်လို့လည်း ရဲအရာရှိတွေကဆိုပါတယ်။

ဒါ့အပြင် ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောဒေသကနေ တဆင့် တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တင်ပို့မယ်လို့ယူဆရကြောင်း စစ်တွေမြို့မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတွေက RFA ကိုပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။