ပြည်မှာ PR ဆန့်ကျင်ဆန္ဒပြသူ ၅ ဦး ပုဒ်မ ၁၈ နဲ့ ရဲကအမှုဖွင့်


2014.08.06
pr-protest-305.jpg PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကန့်ကွက်ဆန္ဒပြပွဲ ကို ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်အဖွဲ့က ဦးဆောင်ပြီး သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မှာ ပြုလုပ်စဉ်
Photo: Wai Mar Tun,Wai Yan Moe Myint/ RFA

ဒီလ ၄ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ သူတွေထဲက ဦးဆောင်သူ ၅ ဦးကို တရားမဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ ပြည်မြို့နယ်ရဲစခန်း က အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ခံရသူတွေထဲက ပြည်သူ့အထောက်အကူပြု ကွန်ရက်အဖွဲ့ဝင် ကိုကျော်ဆွေက အခုလို ပြောပါတယ်။

"ကျနော်တို့က ခွင့်ပြုမိန့်တင်တဲ့ဟာကို ခွင့်ပြုမိန့်မကျဘဲ နဲ့ ဆန္ဒပြလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ စွဲတယ်ခင်ဗျ၊ သူတို့က ဆန္ဒပြတာ ၅ ရက် ကြိုတင်ရမယ်ဆိုတဲ့အကြောင်း ကျနော်တို့က  ၁ ရက်နေ့ကတင်ပြီးတော့ ၄ ရက်နေ့ပြတဲ့အတွက် ၅ ရက်မပြည့်တာကြောင့် လက်မခံနိုင်တဲ့အကြောင်းပေ့ါ အဲ့လိုပြောတယ်"

အဲဒီဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ စုစုပေါင်း ၁၀၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။

သြဂုတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ပီအာခေါ် အချိုးကျ ကိုယ်စားပြု စနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲကျင်းပခဲ့ပြီး မနေ့ကလည်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင် ၁၀၀ လောက်က ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့မှာ PR စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။