ရဲတပ်ဖွဲ့နဲ့ ပါတီတွေကြား ပြဿနာမဖြစ်ဖို့ ရခိုင်ပြည်နယ်ရဲမှူး တိုက်တွန်း


2015.08.27
naymyo-rakhine-police-620.jpg ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုး ကို သြဂုတ်လ ၂၇ ရက်နေ့က စစ်တွေမြို့မှာတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီတွေ အကြား ပြဿနာမဖြစ်အောင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေနဲ့အညီ စနစ်တကျဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုးက တိုက်တွန်းလိုက်ပါတယ်။

မြို့နယ်အသီးသီးက ရဲတပ်ဖွဲ့မှူးတွေနဲ့ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ မနေ့ကတွေ့ဆုံရာမှာ ရဲမှူးကြီး နေမျိုး က အခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

"မဲဆွယ်စည်းရုံးရေးကာလမှာ ပါတီက ထဲထဲဝင်ဝင်စည်းရုံးတော့မယ်၊ ကိုယ်အနိုင်ရရှိရေးကိုလည်း ကြိုးစားကြမှာဖြစ်တဲ့အတွက် ပြဿနာတွေဖြစ်ပေါ်လာနိုင်တယ်၊ အဲ့ဒီမှာငါတို့ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှုဟာ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်မှသာလျှင် အဆင်ပြေမယ်၊ မကိုင်တွယ်နိုင်ဘူးဆိုရင် သူတို့ရဲ့ပြဿနာတွေဟာ ရဲတပ်ဖွဲ့အပေါ်မှာ တဖြည်းဖြည်းနဲ့ ပုံကျလာနိုင်တယ်"

လာမယ့်နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေတဲ့ အတွက် အတိမ်းအစောင်းတွေမရှိအောင် အထူးသတိထားဖို့ လိုအပ်တယ်လို့လည်း ရဲမှူးကြီးနေမျိုး က ပြော ပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးရေးနဲ့ နိုင်ငံသားပြဿနာတွေရှိနေတာကြောင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ ဟာ ရွေးကောက်ပွဲအပေါ်ထိခိုက်မှုမရှိအောင် သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း ပြည်နယ်ရဲမှူးကြီး က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။