မိတ်ဆွေများ ၁၀ ပါတီနဲ့ ကြံ့ခိုင် ဖွံဖြိုးရေးပါတီ ဆွေးနွေး

မိတ်ဆွေများ ၁၀ ပါတီနဲ့ ရန်ကုန်တိုင်း ကြံ့ခိုင် ဖွံဖြိုးရေး ပါတီက ဦးအောင်သိန်းလင်းတို့ မနေ့က တွေ့ဆုံ ဆွေးနွေးကြပြီး "လွှတ်တော်ပြင်ပ နိုင်ငံရေး" မှာ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

2011.12.05
thu_wai_democratic_party_305_z.jpg မြန်မာ စစ်အစိုးရက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ (တိုက်ပုံဖြင့်) နှင့် ပါတီဝင်များ ရန်ကုန်မြို့အနီး ရွာတခုတွင် အောက်တိုဘာ ၅ ရက်နေ့က မဲဆွယ် စည်းရုံးရေးဆင်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မနေ့က အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ပါတီ အကျိုးစီးပွားထက် နိုင်ငံအကျိုးကို ရှေးရှုပြီး ဘယ်ပါတီနဲ့ မဆို ပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုတဲ့ သဘောထား အရ ဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။

ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စလည်း ပါဝင်ပြီး အဲဒီ ကိစ္စကို ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေ အစည်းအဝေးမှာ တင်ပြမယ်လို့ ဦးအောင်သိန်းလင်းက ကတိပေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လွှတ်တော် အတွင်း ဥပဒေပြုရေး ကိစ္စတွေမှာ ပါတီ အချင်းချင်း နားလည်မှု မရှိတဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တင်သွင်းခဲ့တဲ့ လယ်ယာမြေ ပြုပြင်ရေး ဆိုင်ရာ ဥပဒေမှာ သဘောထား ကွဲလွဲပြီး အဲဒီဥပဒေကို ဆိုင်းငံ့ထားရတယ်လို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။ ပါတီတွေချင်း လွှတ်တော် ပြင်ပမှာလည်း ဆွေးနွေးကြမယ် ဆိုရင် အရေးကြီးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ တင်သွင်းတဲ့ အခါ ကြိုတင် ညှိနှိုင်းမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။