နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကနေဒါ အလုပ်သမားသမဂ္ဂ တောင်းဆို

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ကနေဒါ ပြည်သူ့ဝန်ထမ်း အလုပ်သမား သမဂ္ဂအဖွဲ့ ကိုယ်စားလှယ် ၄၀၀ ကျော်က နိုဝင်ဘာ ၇ ရက် မနေ့က တောင်းဆိုလိုက်ကြပါတယ်။

2011.11.07
Insein_prison_wall_305_z နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)
PHOTO: AFP

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပတဲ့ ကနေဒါနိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ အဖွဲ့တစ်ခု ဖြစ်တဲ့ CUPE ရဲ့ ညီလာခံမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တာဝန်ခံ ဦးတင်မောင်ထူးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ဒါ့အပြင် မြို့နယ် အသီးသီးက အလုပ်သမား အဖွဲ့ဝင်တွေဆီက ထောက်ခံချက် ထပ်မံရရှိဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကိုယ်စားလှယ်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုကို CUPE အဖွဲ့၊ ကနေဒါ အခြေစိုက် CUSO-VSO လို့ခေါ်တဲ့ နိုင်ငံတကာ ဖွ့ံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဆောင်ရွက်ရေး အဖွဲ့နဲ့ ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ CFOB တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အခုရရှိတဲ့ လက်မှတ်တွေကို မကြာခင် ရက်ပိုင်း အတွင်း ကနေဒါနိုင်ငံရှိ မြန်မာသံရုံးကို ပေးပို့မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။